လ - ဖေ‌ဖော်ဝါရီ 2026

နှိမ့်ချသော ခေါင်းဆောင်မှု

ကျွန်ုပ်၏သူငယ်ချင်း ဘုချ်ဘရစ်ဂ်သည် ဒေသခံအထက်တန်းကျောင်းတွင် ရေကူးအသင်းများအတွက် နှစ်သက်ဖွယ်ကောင်းသောနည်းပြဖြစ်ခဲ့သည်မှာ ၅၁ နှစ်ရှိပြီဖြစ်သည်။ သိချင်စိတ်ဖြင့် “နှစ် ၅၀ အတွင်းမှာ ပြည်နယ် ချန်ပီယံ ဘယ်နှစ်ဆုရခဲ့လဲ”ဟု မေးကြည့်ရာ၊ သူ့ပုံစံအတိုင်း နူးညံ့သိမ်မွေ့သောလေသံနှင့် “ကျွန်တော်က ပြိုင်ပွဲတစ်ခုမှ မဝင်ပြိုင်တဲ့အတွက် ချန်ပီယံဆုတစ်ခုမှ မရရှိခဲ့ပါဘူး”ဟုဖြေသည်။ ကျွန်တော်က “မင်းရဲ့ ရေကူးသမားတွေက ချန်ပီယံဆု ဘယ်လောက်ရခဲ့လဲ”ဟု ထပ်မေးရာ၊ “၃၉ ဆု”ဟု ဝမ်းမြောက်စွာ သူတုံ့ပြန်ခဲ့သည်။

ဘုချ်က ကျွန်တော့်အား အဖိုးတန်သင်ခန်းစာတစ်ခု သင်ပေးခဲ့သည်။ နည်းပြတစ်ဦးသည် အရေးပါသောအခန်းကဏ္ဍ၌ ရှိသော်လည်း သူ၏ရေကူးသမားများ ရရှိခဲ့သောအောင်မြင်မှုများအတွက် သူက ဂုဏ်ဖော်လိုခြင်းမရှိပါ။

ဘုချ်၏နှိမ့်ချမှုက နှစ်ခြင်းဆရာယောဟန်၏သူ့အခန်းကဏ္ဍကို ရှုမြင်ပုံအား အမှတ်ရစေသည်။ ကယ်တင်ရှင်စေလွှတ်မည့် ဘုရားသခင်၏ကတိတော်ကို ပြည့်စုစေသော မေရှိယအဖြစ် ယေရှုကို ညွှန်ပြရန် ယောဟန်သည် တာဝန်ပေးခြင်းခံခဲ့ရသည်။ သို့သော် သူသည် အလွန်အာရုံစိုက်ခံရသဖြင့် ဘာသာရေးခေါင်းဆောင်များက သူ့အကြောင်း…

မည်သည့်အကြောင်းကြောင့် ကောင်းမြတ်တော်မူသော ထာဝရဘုရားသခင်သည် ဒုက္ခဝေဒနာကို ခံစားစေသနည်း။

မည်သည့်အကြောင်းကြောင့် ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည် ဒုက္ခဝေဒနာကို ခံစားစေသနည်း

သိရှိရန်ခက်ခဲသောအဖြေများ

သမ္မာသတိနိုးကြားမှုရှိစေရန်ဖြစ်သည်။

ကျွန်ုပ်တို့ကို လမ်းညွှန်လမ်းပြရန်ဖြစ်သည်။

ကျွန်ုပ်တို့အား ပုံသွင်းရန်ဖြစ်သည်။

ကျွန်ုပ်တို့ ညီညွတ်စေရန်ဖြစ်သည်။

သင်မည်သို့ မစနိုင်မည်နည်း။

ဖြေရှင်းချက်ထက်သာ၍ ကောင်းသည်။

မည်သို့ မစနိုင်မည်နည်း။

ကျောင်းမှ သင်ယူခဲ့ရသည့်ချစ်ခြင်းမေတ္တာ

မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ လူဖြူအထက်တန်းကျောင်းတွင် လူမည်းမိန်းကလေးဒေါရသီကောင့်စ်(Dorothy Counts) ကျောင်းအပ်သည့်နေ့က ဆူညံ သောလူအုပ်ထဲတွင် ဝူဒီကူးပါး (Woody Cooper) ရှိနေခဲ့သည်။ ယောက်ျားလေး အချို့က သူ့ကို လူမျိုးရေးအရ ဖိနှိပ်ကာ ဆဲဆိုကြိမ်းမောင်းပြီး၊ ဒေါရသီအား အမှိုက် များနှင့်ပစ်ကြသော်လည်း ဝူဒီ သူတို့ကို အပြစ်မတင်ပါ။ အမျိုးသမီးတစ်ဦးက “သူ့ကို တံတွေးထွေး”ဟု လှုံ့ဆော်ချိန်၌လည်း ဝူဒီနှုတ်ဆိတ်နေမြဲပင်။ နောက်ပိုင်းမှ “အနည်းဆုံးတော့ ဘာလို့ တစ်ခုခုမပြောခဲ့တာလဲ။ သူက ကျောင်းလာတက်တဲ့ ကျောင်းသူတစ်ဦးပဲလေ”ဟု သူ့ကိုယ်သူ မေးမိသည်။ အထူးသဖြင့် သတင်းဓာတ်ပုံထဲတွင် ထိုနေ့က သူ့ပုံကို မြင်ပြီးနောက် သူ၏ထိမ်ချန်ထားသောအပြစ်ကြောင့်၊ ဆယ်စုနှစ်များစွာ ဝမ်းနည်းနေခဲ့ရပြီး၊ နောက် ၄၉ နှစ် အကြာတွင် ဒေါရသီအား တောင်းပန်ရန် ဆက်သွယ်ခဲ့သည်။

တစ်စုံတစ်ယောက်ကို ချစ်ခြင်းမေတ္တာဖြင့် ထောက်ခံပေးခြင်းသည် ရဲရင့်ရုံသာမက၊ ယေရှုကဲ့သို့ဖြစ်ရန်လည်း ရွေးချယ်ခြင်းဖြစ်သည်ကို ဝူဒီ သင်ယူခဲ့ရသည်။…

မေ့ပစ်ဖို့ သတိရပါ

လူမျိုးရေးခွဲခြားမှုအောက်တွင် ဘဝအမှောင်ခြမ်း၏အမှတ်တရများဖြင့် ရုန်းကန်ခဲ့ရသော တောင်အာဖရိကမှ လူမည်းဓမ္မပညာရှင်တစ်ဦးဝေမျှသည့်အကြောင်းအရာကို စာရေးဆရာ Richard Mouw(ရစ်ချက်မောင်း)မှ ပြန်ပြောပြသည်။ ထိုဆရာက အာဖရိကမှ ကလေးတစ်ဦးအကြောင်းကို ပြောပြခဲ့သည်။ ထိုကလေး၏ဆရာမက '“မှတ်ဉာဏ် ဆိုတာဘာလဲ” ဟုမေးရာ၊ ကလေးက စဉ်းစားလိုက်ပြီး၊ “မှတ်ဉာဏ်ဆိုတာ ကျွန်မ မေ့ပျောက်နိုင်ဖို့ ကူညီပေးတဲ့အရာပဲ”ဟု ဖြေခဲ့သည်။ ကလေးထံမှ ထွက်လာသောစကားဖြစ်သည်။ သူမ၏အတိတ်တွင် သူမပြန်မတွေးချင်သောအရာများစွာရှိသဖြင့်၊ ကောင်းသောအရာများကိုသာ သူမှတ်မိလိုသည်။

လူများစွာက မမေ့နိုင်ဟုထင်ရသော ကြောက်စရာ(အမှတ်တရ)အမာရွတ်များကို သယ်ပိုးထားကြသည်။ သို့သော် ထိုကလေး၏အတွေးက မျှော်လင့်ခြင်းကို ပေးသည်။ ပိုကောင်းသောအရာများကို မှတ်မိရန် သင်ယူပါက၊ ထိုအမှတ်တရများသည် နာကျင်စရာအတိတ်မှရှေ့ဆက်ရန် ခွန်အားဖြစ်စေပါသည်။ ဆာလံ ၄၂ တွင် ဆာလံဆရာသည် အသက်လုပြေးနေသော သမင်တစ်ကောင်ကဲ့သို့ ခံစားရသည်။ “ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်း မူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊…

ယေရှုအတွက် အသက်ရှင်ခြင်း

၂၀၂၃ ခုနှစ်တွင် ရှာကဟိုလာတောအုပ်၌ လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် Shakahola Massacre အမှုကို ကင်ညာနိုင်ငံရဲတပ်ဖွဲ့မှ အပြီးသတ် ဖြေရှင်းခဲ့သည်။ ထိုအမှု၌ ယေရှုနှင့်တွေ့ဆုံရန် အစာငတ်ခံအသေခံရန် ဘာသာရေးခေါင်းဆောင်၏ လမ်းညွှန်မှုကို နာခံပြီး၊ လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ သူ့နောက်လိုက်များ သေဆုံးပြီးနောက်၊ သူလည်း ဤနည်းလမ်းဖြင့် လောကမှထွက်ခွာမည်ဟု ကတိပေးခဲ့ကြောင်း စွပ်စွဲခံရပြီး၊ အဖမ်းခံရပြီးနောက် ထိုသို့ သူ မသွန်သင်ကြောင်း ငြင်းဆိုခဲ့သည်။

ဝိညာဉ်ရေးခေါင်းဆောင်ဟု ကြွေးကြော်နေကြသူများကို မျက်လုံးစုံမှိတ်ပြီး ယုံကြည်ခြင်းသည် အန္တရာယ်ရှိကြောင်း၊ ထိုဝမ်းနည်းစရာ ဖြစ်ရပ်က ဥပမာပေးနေသည်။ ထိုအဖွဲ့ဝင်များသည် သူတို့ကို ကယ်ရန် ရောက်လာသူများအား ဆန့်ကျင် သည်အထိ လှည့်ဖြားခံခဲ့ရသည်။ လွတ်မြောက်လာသူတစ်ဦးမှ ခေါင်းဆောင်၏ သွန်သင်မှုများကို အလွန်အမင်းစွဲလမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယေရှုခရစ်တော်သည် သူ့ကို ယုံကြည်သူတို့အတွက် စစ်မှန်သောခေါင်းဆောင်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိုးသဖြင့်၊ အသက်ကို ရရန်…